
ရက်...
လ...
နှစ်...
ထားရစ်ခဲ့ နောက်မှာ....။
အချစ်မျိုးစေ့တွေကိုသာ...သခင်နဲ့ တူမကွာ...
ဆောင်ယူလာခဲ့ပါ...
ပျိုးကြဲသူရဲ့ မေတ္တာတွေ...ဝေဆာ...
ကိုယ့်ရင်မှာ....ပွင့်လန်းကြကုန်ပေါ့...
ဘယ်တော့မှ မနွမ်းကြေး....။
တခါက သူပြောပြဖူးတယ်....
လက်ထပ်ပြီးစ...
ဇနီးမောင်နှံ အသစ်စက်စက်တစုံ ရေပြင်ပေါ်မှာ စက်လှေကလေးစီးရင်း ကြည်နူးနေကြတဲ့ အချိန်မှာ ဇနီးလုပ်သူက မေးသတဲ့...
"မောင်ရေ ကြည့်စမ်းပါအုံး လှေနောက်မှာ ပြေးလိုက်လာနေကြတာ ဘာငှက်တွေလဲဟင်..."
အဲဒါ ကြင်ဖော်ဖက်တဲ့ ဇင်ယော်ငှက်လေးတွေပေါ့ အချစ်ရယ် လို့ ပြန်ဖြေသတဲ့....
ဘယ်လောက်များ ကြည်နူးဖို့ ကောင်းပါလိမ့်....
နောက် ၂နှစ်အကြာ...
"မောင်ရေ ကြည့်စမ်းပါအုံး လှေနောက်မှာ ပြေးလိုက်လာနေကြတာ ဘာငှက်တွေလဲဟင်...."
ဒီတကြိမ်မတော့ စိတ်မရှည်တဲ့ လေသံနဲ့ "ဇင်ယော်ငှက် လကွာ" လို့ ဖြေသတဲ့....
တခါ နောက် ၂နှစ်အကြာကျပြန်တော့...ဇနီးလုပ်သူက မေးမြဲအတိုင်း...
"မောင်ရေ ကြည့်စမ်းပါအုံး လှေနောက်မှာ ပြေးလိုက်လာနေကြတာ ဘာငှက်တွေလဲဟင်...."
"ဒါလေးတောင် မသိဘူးလား ငှက်လဗြဲဟေ့ ငှက်လဗြဲ" လို့ ဖြေတော့သတဲ့.....
ဒီမနက် အဲဒါလေး သတိရရင်း ပြုံးနေမိတာ...
အချိန်ကာလဟာ အချစ်တွေကို ဒါမှမဟုတ် စိတ်ရှည်သည်းခံမှုတွေကို၊ ရင်ခုန်သံတွေကို ကျဲတောက် လျော့ပါး စေသတဲ့လား...
ကျမတို့ အဖြစ်ကတော့ ငှက်လဗြဲ အဆင့် မရောက်သေးတာ သေချာနေပါရဲ့လေ....:))
ဆယ်စုနှစ် တခုတိုင်တိုင် ကျမ ဆိုးမိုက်သမျှ ပေတေသမျှ အနိုင်ယူသမျှ အပြစ်မယူ ခွင့်လွှတ်ရင်း..... မြတ်နိုးခြင်းများစွာနဲ့ အနားမှာ အားပေးဖော် ဖေးမဖက်အဖြစ် မခွဲအတူ ရှိနေပေးခဲ့ခြင်းအတွက်.....သူ့ကို ကျေးဇူးတင် ချစ်မက်စွာ....
Happy Anniversary to both of you...!!!
ReplyDeleteAny Treat...???
တွဲလက်တစ်စုံဖြင့်
ReplyDeleteဆယ်မိုးဆယ်နွေ
သြော်
ဘယ်မမေ့နိုင်............
၁၀ နှစ်တောင်ရှိပလား ပျော်ရွင်ပါစေဗျို့ 
ReplyDeleteဒါနဲ့ အနော်တို့ ၂ ယောက်ကတော့ စကတည်းက ငှက်လဗြဲ ခင်ဗျ ဟိ
♥♥♥♥♥ Ma Ma Chit ♥♥♥♥♥
ReplyDeleteMay you and your love bring the forever love, happiness, peace and wealth along to the Platinum Jubilee from Today.
♥♥♥♥♥♥♥
☻ ☻ ☻
With Love,
ပူးတေ
Happy Happy Anniversary :)
ReplyDeletemm
မချစ်ရေ အရမ်းကြည်နူးဖို့ကောင်းတဲ့ ၁၀ နှစ်ပြည့်မှသည် သက်ဆုံးတိုင် လက်တွေ ခိုင်မြဲနိင်ကြပါစေလို့ ဆုတောင်းပေးရင်းး)) အနော်လဲ အားကျသွားတယ်း))
ReplyDeleteယခု ၁၀ နှစ်မှနောင်နှစ်ပေါင်းများစွာတိုင်းမှာလည်း သာယာချမ်းမြေ့တဲ့ဘဝလေးကို ထာဝရအမြဲပိုင်နိုင်ပါစေရန်တောင်းဆုပြုပါတယ်နော်။
ReplyDeleteသာယာချမ်းမြေ့ပါစေနော်
မိုး
A ma yay..
ReplyDeleteHappy Anniversary and many many more happier once to come!
ပျော်ရွှင်ဖွယ်ရာ Anniversary လေးဖြစ်ပါစေ။ ၁၀နှစ်မှသည် နတ်ပြည်ရောက်သည်အထိ ပျော်ရွှင်ကြပါစေသတည်း။
ReplyDelete(ဟီးဟီး ... ကိုယ့်နတ်ပြည်ပါရောထည့်လိုက်ပြီ ... ၉၉၉ယောက်နဲ့ အတူချစ်ရအောင်လို့း))
၂နှစ်နဲ့ ၅ရက်တိတိ စီနီယာကျတယ်နော်။
ကြင်ဖော်ဖက်တဲ့..ဇင်ယော်ငှက်လေးတွေလို
ReplyDeleteမခွဲအတူအမြဲရှိနေနိုင်ပါစေ..အမရေ..
ဆယ်စုနှစ်တောင်ကျော်လာခဲ့ပြီဆိုတော့..
အားကျစရာ..
ပျော်ရွှင်စရာ နှစ်ပတ်လည်လေးဖြစ်ပါစေ။ ဒီလောက်ကြာတာတောင် ငှက်လဗြဲ အဆင့်မရောက်ဘူးဆိုတော့ ဘယ်တော့မှလည်းရောက်မှာ မဟုတ်ပါဘူး။ ;)
ReplyDeleteရေးထားတာ ပေါ့ပေါ့ပါးပါး နဲ့ ပြုံးမိရတယ် ..
ReplyDelete၁၀ နှစ် ပြည့် နှစ်ပတ်လည်လား..
နောင် ၁၀ စူနှစ်ပေါင်းများစွာမှာ လဲ ငှက်လဗြဲ အဆင့် ရောက်မယ်လို့ မထင် ပါဘူး ..
ဘ၀ တလျှောက်လုံး ပျောရွှင် ချမ်းမြေ့ပါစေ
10 နှစ်ပြည့်ပြီလား။ ကျွန်တော်တော့ နဲနဲလိုသေးတယ်။ :P
ReplyDeleteနှစ်၁၀၀၀ တိုင်အောင် ဆက်ချီတက်။
May today be filled with happy memories of the past and bright hopes for the future. :)
ReplyDeleteHappy 10th Anniversary!
With Love,
Zune
ရိုးမြေကျ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးအဖြစ် ရှိနေနိုင်ပါစေလို့ ဆုတောင်းလိုက်သည်။ အားကျမိပါ၏။
ReplyDeleteအစ်မရေ ဖတ်ပြီး အားပါးတရ ရယ်မိသလို
ReplyDeleteအစ်မတို့ချစ်ခြင်းကို အားကျမိပါကြောင်းရှင်..
၁၀နှစ်ပြည့်မှသည်.. နှစ်ပေါင်း ရာချီတိုင်ပါစေ..
အဲဒါ ကြင်ဖော်ဖက်တဲ့ ဇင်ယော်ငှက်လေးတွေပေါ့ အချစ်ရယ် လို့ ထာဝစဉ် ပြောနိုင်ကြပါစေနော်..
အားကျခင်မင်ခြင်းများစွာဖြင့်
ညီမ ချော
နောင် ၁၀နှစ်ပေါင်း များစွာတိုင်ပေါ့ မမရေ..။
ReplyDeleteဆယ်စုနှစ်မှနောင်နှစ်ပေါင်းများစွာတိုင်ချစ်ကြင်နာတွေများစွာနဲ့
ReplyDeleteအတူတကွချစ်ခင်နိုင်ပါစေအမချစ်...။
ခင်တဲ့
ညီမသဒ္ဓါ
နောင်နှစ်ပေါင်းများစွာတိုင်အောင် ခုလိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ
ReplyDeleteခင်တဲ့
ယွန်း
အမချစ်တို့နှစ်ယောက် ယနေ့မှစနှစ်တစ်ရာတိုင် တွဲလက်ခိုင်ခိုင်မြဲစေသား...။
ReplyDeleteခင်မင်စွာဖြင့်
မိုးငွေ့
Congratulation ထပ်လုပ်ပါရစေ မချစ်ရေ....။
ReplyDeleteမချစ်ရဲ့ ဒီကနေ့ Happy Anniversary မှသည် မချစ်ရဲ့ ချစ်သော Mr. Nice Guyကြီးနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် ချစ်ခရီးလမ်းကို တွဲလက်မဖြုတ်လျှောက်လှမ်းနိုင်ပါစေနော်...။
ပျော်ရွှင်သော ၁၀ နှစ်ပတ်လည် မှသည် နှစ် ၁၀၀ တိုင်သည်အထိ..
ReplyDelete၁၀ နှစ်ပြည့်.. ဘာမှမကျွေးဘူးလားး ညီမ..
ReplyDeleteလာစားချင်လို့...ပျော်ရွှင်ပါစေ။
ချစ်ကြည်အေး ရေ
ReplyDeleteနှစ် ၁၀၀ တိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
မမရေ....အရမ်းကို လိုက်ဖက်ညီတဲ့ မမတို့စုံတွဲ ဒီနေ့ဒီ၇က်မှာကျေ၇ာက်တဲ့ ဆယ်နှစ်မြောက်နှစ်ပတ်လည်မှသည် နောက်နှစ်တစ်ရာတိုင် ပျော်ရွှင်ကြည်နူးစွာနဲ့ လက်တွဲခိုင်ခိုင်မြဲနိုင်ပါစေ....မမတို့နှစ်ယောက်က ဘယ်တော့မှ ငှက်လဗြဲ အဆင့်ကို မရောက်ဘူးလို့ ညီမလေး ယုံကြည်တယ်း)))
ReplyDelete၁၀နှစ်ပြည့်...ဟင်္သာတမုန့်ဟင်းခါး ချက်ကျွေးပါ။။
ReplyDelete၁၀ နှစ်ပြည့်  မင်္ဂလာနှစ်ပတ်လည်မှ သည် သက်ဆုံးတိုင် ပျော်ရွှင်ခြင်း၊ကြည်နူးခြင်း၊ ခွင့်လွှတ်ခြင်း ၊ နားလည်သည်းခံ ခြင်းတို့  နဲ့အတူ ချစ်ခြင်းမေတ္တာများ အမြဲလွှမ်းခြုံထားသော အကြင်ဇနီးမောင်နှံဖြစ်ကြပါစေ။
ReplyDeleteခင်မင်စွာဖြင့်
မောင်မောင်
Congratulation........
ReplyDeleteအားကျမိပါသည်ခင်ဗျာ့
အစ်မပြောတဲ့ ပုံပြင်လေးက ဟိဟိ တကယ်အပြင်မှာပြောရင်ပိုရယ်ရတယ်
ဟိဟိး)
မသက်ဝေ တဂ် တာ လား..တကယ်နှစ်ပတ်လည်လား..
ReplyDeleteအတူတူပေါ့နော်..။
သီချင်း အဆို ကောင်းတဲ့ စုံတွဲ ၂ယောက်.. သီချင်းတွေ အတူ ဆက်ဆိုနိုင်ပါစေ..း)
နှစ်တွေကြာညောင်းပေမယ့်  အချစ်တွေသစ်နေလို့ ငှက်လဗြဲ
ReplyDeleteအဆင့် မရောက်တာ အားကျတယ်ဗျာ..
ကျမတို့ ဇနီးမောင်နှံရဲ့ ၁၀နှစ်ပြည့်မင်္ဂလာ အတွက် အမှတ်တရ ဆုတောင်း၊ နှုတ်ဆက်၊ ကော်မန့်ရေးခဲ့ကြသူ မိတ်ဆွေ သူငယ်ချင်း ရေးဖော်များ အားလုံးကို ချစ်ခင်ရင်းနှီးစွာ ကျေးဇူးတင်စကား ဆိုလိုက်ပါရစေ....
ReplyDeleteလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်.....:))
ဟေ...ဆယ်နှစ်တောင်ရှိပလား။ သူတော့ တော်တော်ပျင်းနေရှာတော့မှာပဲ။ သနားစရာ။ :) ဒါပေမဲ့ ထုံးစံအတိုင်းတော့ ဆုတောင်းပေးသွားတယ် (အပေါ်မှာ ဆုတောင်းထားတာတွေ အတိုင်းပဲ) :P
ReplyDelete၁၀နှစ်ကနေ နှစ်တစ်ရာတိုင် ပါစေ
ReplyDeleteရတုပေါင်းများစွာ ဖြတ်သန်းနိုင်ပါစေ
ခင်မင်စွာဖြင့်
seesein
ဟားဟားဟား ကလူသစ် မဒမ်လူသစ် ဖုန်းနံပါတ် ပေးလိုက်စမ်းဘာာာ... ဖုန်းဆက်လိုက်ရမလား ...ဟွန်း ၊ နောက်တာ....ကျေးဇူးတင်တယ်.. ဒီနေ့ ပျော်စရာမုဒ်လေး မပျက်ချင်ဘူးနော်....ဒါဘဲ...
ReplyDeleteညီမ ဆီစိမ်...ကျေးစ်ကျေးစ်နော်....:))
အမြဲတမ်း သက်ဆုံးတိုင် မခွဲအတူ ရှိကြပါစေလို့ ... မ ရေ ဒီကတော့ ဆယ်စုနှစ်တောင် မကျော်သေးပဲ ငှက်လဗြဲအဆင့်ရောက်ခါနီးနေပြီ... မ တို့ ကို အားကျမိပါရဲ့
ReplyDeleteHappy Anniversary!
ReplyDelete10 နှစ်မြောက် အထိမ်းအမှတ်ပန်းလေး လက်ဆောင် ကြည့်လိုက်ပါနော်။
http://en.wikipedia.org/wiki/File:Yellow_Daffodil_Narcissus_Closeup_3008px.JPG
လှေလိုက်စီးဖေါ်ရတာကို တော်သေးတာပေါ့...
ReplyDeleteတခါတလေ သူလဲဗြဲချင် ဗြဲရှာမှာပေါ့...
ငါ့နှမတို့ ပျော်ရွှင်တဲ့အိမ်ထောင်လေး ထာဝစဉ် ခိုင်မြဲပါစေ..
ကျောင်းဆရာလဲပြောလိုက်ပါ..
ဆယ်နှစ်မှသည်......နောင်နှစ်ပေါင်းများစွာတိုင်...
ReplyDeleteမခွဲအတူ၊တွဲလက်တွေ မြဲခိုင်နိုင်ပါစေ.....
အားကျစွာ ဆုမွန်ကောင်းတောင်းပေးလိုက်ပါကြောင်း....။
ချစ်နဲ့ ကိုကိုရဲ့
ReplyDeleteမင်္ဂလာချစ်ခရီး ကို
ပြုံးပြုံးကြီး လိုက်ကြည့်နေတဲ့
(ငှက်လဗြဲ မဟုတ်သော)
ဧရာသီတာ
အမြဲတမ်း ငှက်ဇင်ယော်လေးတွေ ဖြစ်ကြပါစေဗျို့ ။ နှစ်ပေါင်းများစွာတိုင် မန္တလေးသား ၊ ရန်ကုန်သူ တို့ရဲ့ ပျော်စရာ အိမ်ထောင်စုလေး ဖြစ်ပါစေ ။
ReplyDeleteရွှေရတုမှတ်တမ်း is out of the box creative thinker :)
ReplyDeleteဇင်ယော်ငှက်လေးတွေ လို့ ပဲ ထာဝရ ဖြေမယ့် လက်တွဲ ဖော်ကို ရထား တာ လို့ မြင်ပါတယ် ...
ReplyDeleteအဲလို ပဲ ထာဝရ ဖြစ်ပါစေလို့ ... ဆုတောင်းပေးရင်း ..
အားကျမိပါ၏...
သူတို့အချစ်က ငှက်လဗြဲတောင် လန့်ပြေးရမဲ့ အချစ်.. :))
ReplyDeleteHappy Anniversary ပါ မမ
Happy 10th Anniversary! ပါ မမချစ်...း)
ReplyDeleteညီမ တန်ခူးရေ...မယုံဘူး...ငှက်လဗြဲအဆင့် မဖြစ်နိုင်ဘူး...:P ကျေးဇူးပါ ညီမရေ...:))
ReplyDeleteပြုံးပန်းရေ...ကြည့်ပြီးပြီ ဒက်ဖိုလ်ဒီ အဝါလေး ချစ်စရာ...ကျေးဇူး ပြုံးပန်း...:))
ကိုကြီးကျောက် အမယ် မဗြဲရပါဘူး...ဗြဲစရာလားလို့... နေမကောင်းဘူးဆိုလို့ ဒီတခါတော့ ညှာလိုက်မယ်...ဟွန်း...:P
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ မောင်လေးရေ...ဆုတောင်းလေးအတွက် ကျေးဇူးပါ....:)
ပြုံးပြုံးကြီးဖတ်လိုက်တယ် သူငယ်ချင်း သီတာနဲ့ အကိုဧရာ... သိတယ်လေ ငှက်လဗြဲ မဟုတ်တာ...မန်းလေးသားပဲဟာ...ဟိဟိ..P
ကျေးဇူး ခမမရေ...ဆုတောင်းပြည့်မှာပါ...တို့က ချစ်ကြတာကိုး...:)
အမည်မသိ ဟုတ်ပါ့ ကိုကြီးကျောက်က ဗဲရီး ခရီရေးတစ်ဖ် မိုင်းဒက်... ဟီး တံတွေးစင်ထှာ...:)
ပေါ့ဆိမ့်ရေ ဟုတ်တယ် အိမ်ထောင်သာယာမှု အတွက် သူ့ကို ခရက်ဒစ် ပိုပေးရမှာ...:)
ဟီးဟီး ငှက်လဗြဲတောင် လန့်ပြေးရမတဲ့လား...ဟ ဟ ...ကျေးဇူး ညီမ ချိုသင်း...:))
ဆုတောင်းအတွက် ကျေးဇူးပါ ညီမပြာ...:)
ကော်မန့်တွေ အားလုံးကို သူ ပြုံးပြုံးကြီး ဖတ်သွားကြောင်း အသိပေးရင်း သူ့ဆီက ကျေးဇူးစကားလည်း တဆင့် ပါးလိုက်ပါရစေ...
အားလုံးကို ကျေးဇူးတင်ပါတယ်တဲ့.... :))
ဆယ်နှစ်မှသည် ငွေရတု ရွှေရတုများတိုင်အောင် ကြင်ဖော်ဖက်တဲ့ စင်ရော်ငှက်ကလေးတွေ လှလှပပ ချစ်ချစ်ခင်ခင် အတူတူပျံသန်းနိုင်ကြပါစေး)
ReplyDeleteအစ်မတို့ နောင်နှစ်တစ်ရာတိုင်အောင် ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ။
ReplyDeleteညီမ ပန်ပန်၊ ညီမ ပုံရိပ်...ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါနော်...:)
ReplyDelete၁၀ နှစ်တောင်ရှိပြီလား ကိုချစ်ကြည်အေး တော်တော် သည်းခံနိုင်တာပဲ။:))
ReplyDeleteမအယ်
အလို အနောက်သန်တဲ့အကိုကြီးနဲ့ ချစ်ဖို့ကောင်းတဲ့အစ်မကြီး မျက်စိရှေ့မှာတင် ဆယ်နှစ်ပြည့်သွားပါပကော.. ငွေရတု ရွှေရတု စိန်ရတု ပလက်တီနံရတု များတိုင်အောင် ငှက်မလဗြဲပါစေနဲ့ဗျား။
ReplyDeleteဟမ် မမအယ်နော် သူများကို...ဟိုလူကြီးကဖြင့် ဒီ၁၀နှစ်မှာ ချစ်လို့တောင် မဝသေးဘူးတဲ့ဗျ ဟိဟိ...:)
ReplyDeleteမောင်လေးတီ....ကျေးဇူး ကျေးဇူး မောင်လေး ဆုတောင်းပေးသလိုပဲ ရတုများစွာတိုင် ငှက်မလဗြဲဘူးလို့ ယုံကြည်နေပါတယ်....ဟက် ဟက်..:)
အချစ်မြစ်ကြီး ရာသက်ပန် စီးဆင်းပါစေသတည်း။
ReplyDeleteအစ်မတို့ မောင်နှံ ထာဝရ အတူတကွ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းကျော်လွှား နိင်ပါစေလို့ လေးလေးနက်နက် ဆုတောင်း ပေးပါတယ်။
ReplyDeleteဆယ်နှစ်မှသည် ငွေရတုတွေ ရွှေရတုတွေထိ ပျော်ရွှင်စွာအတူလျှောက်လှမ်းနိုင်ပါစေ။
ReplyDeleteပုံပြင်လေးဖတ်ပြီးပြုံးသွားပါတယ်။
ကိုယော၊ မောင်မြစ်၊ ညီမသင်းနွယ်ဇင်... ဆုတောင်းတွေအတွက်... ကျေးဇူးအများကြီး တင်ရှိကြောင်းပါ...:))
ReplyDeleteမမချစ်.ရေ
ReplyDeleteဆယ်နှစ် ရှိသွားပြီလားဟင် .။ မမချစ်တို့ ချစ်စုံတွဲ ဆယ်နှစ်မှသည် ရွှေရတု တိုင် ပျော်ရွှင်ကြည်နှုးစွာ ဆက်လက်လက်တွဲ လျှောက်လှမ်းနိုင်ပါစေနော်..။
အိမ်ကကွန်ပျူတာပျက်နေလို့နောက်ကျသွားတယ်အမရေ......
ReplyDeleteပျော်ရွှင်စရာ နှစ်ပါတ်လည်ပေါင်း ၁ဝဝတိုင်ပါစေ..... :)))
happy annivesary
ReplyDeleteအစ်မရေ အလုပ်များလို့ အရောက်နောက်ကျပါတယ်၊ အပေါ်ကလူတွေရဲ့ ဆုတောင်းအားလုံးအပြင် ပိုဆုတောင်းပေးလိုက်ပါတယ်ရှင် - notebook ထဲက မင်းသားအဘိုးကြီး ပြောတဲ့စကားလေး နားထောင်ကြည့်ပါ သိပ်ကောင်းတယ်သိလား။
ReplyDeleteHappy Anniversary. Just like Vista, we were also "nghat la byae`" from day one, but I still love him to death after 8 years.
ReplyDeleteဟယ် အလုပ်များနေလို့ မရောက်ဖြစ်တာ ဆယ်နှစ်မြောက်ကို မသိလိုက်ဘူး ဆောရီးပဲနော့်။ ဆယ်နှစ်မှသည် ရွှေရတု၊ စိန်ရတုတိုင်အောင် ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေ။
ReplyDelete